သခွားသီးစားရင် ကျန်းမာမှာလား?
သခွားသီးလို့ ပြောလိုက်ရင် လူတိုင်း သိပြီးသား ဖြစ်မှာပါ။ သခွားသီးကို အတို့အမြှုပ်အနေနဲ့ စားကြသလို သခွားသီးက ရေဓာတ်ပြည့်ဝသလို ပူပြင်းတဲ့ ရာသီဥတုမှာ စားပေးသင့်တဲ့ အသီးတစ်မျိုးပါ။ ဒီတော့ ခိုးခိုးခွပ်ခွပ် စားဖြစ်ကြတဲ့ သခွားသီးလေးက ကျန်းမာစေသလားဆိုတာကို ကြည့်လိုက်ကြရအောင်နော်။
သခွားသီး ဆိုရာဝယ်
သခွားသီးဆိုတာက အခွံစိမ်းစိမ်းလေးနဲ့ အတွင်းသားဖြူဖြူလေးပါ။ အထဲမှာတော့ အရည်ကြည်ကြည်လေးထဲမှာ အစေ့လေးတွေပါပါတယ်။ အခွံစိမ်းပေါ်မှာ အဝါရောင်ဖျော့ဖျော့ အစင်းလေးတွေပါပါတယ်။ အစေးလေးတွေ ထွက်သလို အနံ့လေးက မွှေးမွှေးလေးပါ။
သခွားသီးမှာ ဘာတွေပါ
အစိမ်းစားလို့ ရသလို သုပ်စားလို့လည်း ရတဲ့ သခွားသီးမှာ
- ရေဓာတ်
- ကယ်လ်လိုရီ
- ပရိုတင်း
- အဆီဓာတ်
- ကာဗိုဟိုက်ဒရိတ်
- သကြားဓာတ်
- အမျှင်ဓာတ်
- ကယ်လ်ဆီယမ်
- သံဓာတ်
- မဂ္ဂနီဆီယမ်
- ဖော့စဖရိတ်
- ပိုတက်ဆီယမ်
- ဆိုဒီယမ်
- ဗီတာမင် C
- ဖောလိတ်
- ဘီတာကယ်လ်ရိုတင်း
- လူတင်
- ဗီတာမင် A
- ဗီတာမင် B
- ဗီတာမင် K
- ဓာတ်တိုးဆန့်ကျင်ပစ္စည်းတွေ ပါဝင်နေပါတယ်။
သခွားသီးစားရင် ကျန်းမာမှာလား?
သခွားသီးစားရင် အခုလို အကျိုးကျေးဇူးလေးတွေ ရရှိစေမှာပါ။
ရေဓာတ်ဖြည့်ပေးတယ်
သခွားသီးက ရေဓာတ်လမ်းခြောက်မှုကို ကာကွယ်ပေးနိုင်ပါတယ်။ သခွားသီးက အဓိကအားဖြင့် ရေဓာတ် အများစုနဲ့ ဖွဲ့စည်းထားပြီး electrolytes တွေလည်း ပါဝင်ပါတယ်။ နေပူရှိန်ကြောင့် ရေဓာတ်ဆုံးရှုံးတာ၊ ကိုယ်လက်လှုပ်ရှားမှုတွေ ပြင်းပြင်းထန်ထန်လုပ်တာကြောင့် ရေဓာတ်ဆုံးရှုံးတာမျိုးတွေ မဖြစ်အောင် ကာကွယ်ပေးနိုင်ပါတယ်။
အူတွေကို ကျန်းမာစေပြီး ဝမ်းချုပ်တ၊ ကျောက်ကပ် ကျောက်တည်တာမျိုးတွေ မဖြစ်အောင် ကာကွယ်ပေးနိုင်ပါတယ်။
အရိုးတွေ သန်မာစေတယ်
ကယ်လ်ဆီယမ် ပါဝင်နေသလို ကယ်လ်ဆီယမ် စုပ်ယူမှု ကောင်းစေဖို့ ထောက်ကူပေးနိုင်တဲ့ ဗီတာမင် K ပါဝင်နေတာကြောင့် အရိုးတွေ သန်မာစေနိုင်ပါတယ်။
ကင်ဆာ ကာကွယ်ပေးတယ်
သခွားသီးမှာ ပါဝင်နေတဲ့ ခါးသက်သက်အရသာကို ပေးတဲ့ အာဟာရဓာတ် တစ်မျိုးဖြစ်တဲ့ cucurbitacinက ကင်ဆာဆဲလ်တွေ ကြီးထွားမှုကို ဟန့်တားပေးသလို ကင်ဆာဆဲလ်တွေ ဖြစ်မလာအောင် ကာကွယ်ပေးပါတယ်။
အမျှင်ဓာတ် ပါဝင်နေတာကြောင့် အူမကြီးကင်ဆာ မဖြစ်အောင် ကာကွယ်ပေးပါတယ်။
နှလုံးသွေးကြောဆိုင်ရာ ရောဂါတွေ မဖြစ်အောင် ကာကွယ်ပေးပါတယ်
အမျှင်ဓာတ် ပါဝင်တာကြောင့် သွေးတွင်းကိုလက်စထရော ကျဆင်းစေပြီး နှလုံးသွေးကြောဆိုင်ရာ ရောဂါတွေမဖြစ်အောင် ကာကွယ်ပေးနိုင်ပါတယ်။
ပိုတက်ဆီယမ်နဲ့ မဂ္ဂနီဆီယမ် ပါဝင်နေတာကြောင့် သွေးတိုးရောဂါ မဖြစ်အောင် ကာကွယ်ပေးနိုင်သလို နှလုံး ကျန်းမာစေပြီး သွေးကြောတွေ ကျန်းမာစေဖို့ ထောက်ကူပေးပါတယ်။ သခွားသီးမှာပါတဲ့ cucurbitacins က နှလုံးသွေးကြောတွေ ကျန်းမာစေနိုင်ပါတယ်။
သွေးတွင်းသကြားဓာတ် ထိန်းညှိပေးတယ်
သခွားသီးမှာ ဆီးချို မဖြစ်အောင် ကာကွယ်ပးပြီး သွေးတွင်းသကြားဓာတ်ကို ထိန်းညှိပေးနိုင်တဲ့ အာဟာရဓာတ်တွေ ပါဝင်နေပါတယ်။ အင်ဆူလင် ထွက်ရှိမှု ကောင်းစေပြီး ဇီဝကမ္မဖြစ်စဉ် ကောင်းမွန်စေပါတယ်။ ဓာတ်တိုးဆန့်ကျင်ပစ္စည်း ပါဝင်နေတာကြောင့် ရောဂါတွေ မဖြစ်အောင် ကာကွယ်ပေးနိုင်ပါတယ်။
အရောင်ကျစေနိုင်တယ်
သခွားသီးမှာ ဓာတ်တိုးဆန့်ကျင်ပစ္စည်း ပါဝင်နေတာကြောင့် အရောင်ကျစေဖို့ ထောက်ကူပေးပါတယ်။ အရာင်ကျစေနိုင်တဲ့ အာနိသင် ရှိနေတာကြောင့်
နှလုံးသွေးကြောဆိုင်ရာရောဂါ၊ ဆီးချိုရောဂါ၊ စိတ်ဓာတ်ကျတာ၊ ကင်ဆာ နဲ့ autoimmune ရောဂါတွေ မဖြစ်အောင် ကာကွယ်ပေးပါတယ်။
အရေပြား ကျန်းမာစေတယ်
သခွားသီးမှာ အရေပြား ကျန်းမာစေနိုင်တဲ့ အာဟာရတွေ ပါဝင်နေပါတယ်။ သခွားသီးကို အရေပြားမှာ တိုက်ရိုက် အသုံးပြုပေးလို့ ရသလို စားပေးလို့လည်း ရပါတယ်။ အရေပြားပေါ်က အမာရွတ်တွေ၊ ဝက်ခြံတွေ သက်သာစေဖို့ အသုံးပြုပေးလို့ ရသလို အရောင်ကျစေဖို့လည်း အသုံးပြုပေးလို့ ရပါတယ်။ ချွေးပေါက်တွေကိုလည်း သန့်စင်ပေးပါတယ်။
သခွားသီးစားရင်း အခုလို ကျန်းမာရေးအကျိုးကျေးဇူးတွေကို ရရှိစေမှာပါ။
ရေးသားသူ - မွန်မွန်